Personal Hygiene Activity

9.10.2009 ရက်နေ့တွင် မြသိင်္ဂီ IMG_5607ကျောင်း MOSN အဖွဲ့သားများမှ Personal hygiene နှင့် ပါတ်သက်၍ MBCA မှ ဒေါက်တာ ဒေါ်နွယ်နွယ်ဦး နှင့်အတူ ဆရာဝန်တစ်ဦး၊ volunteer လေးဦး လိုက်ပါ ပူးပေါင်း ဟောပြော ဆောင်ရွက် ပေးခဲ့ပါတယ်။ ကလေးများအတွက် တစ်ကိုယ်ရေ သန့်ရှင်းမှု နှင့် ပါတ်သက်၍ ဆေးဝါး၊ ဆပ်ပြာများ စုစုပေါင်း သုံးသိန်းကျော် လေးသိန်း နီးပါး လှူဒါန်း ပေးခဲ့ပါတယ်။ ထို့အပြင် အနာရှိသော ကလေးများအား ဆေးလိမ်းပေးခြင်း၊ လက်သည်း ညှပ်ပေးခြင်း၊ လက်ဆေးနည်းပြ၍ လက်ဆေးပေးခြင်း၊ သန်ချဆေးများ တိုက်ကျွေးခြင်းများကိုပါ ပြုလုပ်ခဲ့ပါသည်။ မမ်ဘာများအတွက် ပျော်ရွှင်စရာ ကောင်းတဲ့ ကုသိုလ်ရတဲ့ နေ့ရက်ကလေးပဲဖြစ်ပါတယ်ရှင်။

အောက်ပါဆေးဝါးများအား မကေခိုင်စိုးမှ တာဝန်ယူပြီး လှူဒါန်းပေးခြင်း၊ အလှူရှင် ရှာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

ဆေးစာရင်း
1. albendazole (chewable) 600 tablets
2. Paracetamol (cemol)
3. Burmeton
4. Mycodern
5. Immodium
6. ORS packets
7. First aids box
8. Buscabe lotion
9. Water guard
10. supa-tab

အခြား ကျန်းမာရေး စောက်ရှောက်မှုဆိုင်ရာ ပစ္စည်းများ

1. nail clipper အခု (၅၀) (ကိုမျိုးသန့်ကျော်နှင့် ကိုသက်)
2. Soap bar + detergent powder
- MOSN မှ ကာဘောလစ် အခဲ (၄၀၀) = ၄၂,၀၀၀ ကျပ်
- အဝတ်လျှော်ရန် ရွှေဝါ ဆပ်ပြာ (၂၀၀) = ၄၂,၀၀၀ ကျပ်
သဇင်ခိုင်နှင့် ကိုမျိုးငြိမ်းအေးမှ ဆပ်ပြာအတွက် အလှူငွေ ငါးသောင်းကျပ်တိတိအား လှူဒါန်းခဲ့ပါသည်။ လိုအပ်သောပိုက်ဆံအား အလှူရှင်များ လှူဒါန်းထားသော လက်ကျန် ရန်ပုံငွေကို အသုံးပြုပါသည်။

မသူဇာနှင့်သူငယ်ချင်း တစ်စုမှလဲ ဆပ်ပြာများ နောက်ထပ် လှူဒါန်းခဲ့ပါသည်။
3. Bucket ရေပုံး (၁၀) ပုံး = ၈၂၅၀ ကျပ် (မအေးမြင့်ခိုင်)
4. Shampoo ဘူးကြီး (၂) ဘူး (ကိုလွင်ဟန်)
5. Towel ပုဝါ အကြီး ဆယ်ထည် = ၂၆,၂၀၀ ကျပ် (ရန်ပုံငွေ)
6. ခြင်ဆေးခွေ JUMBO = 30×330 = ၉၉၀၀ ကျပ် (မအေးမြင့်ခိုင်)
- 6. သွားတိုက်ဆေး 3D 21×240 = ၅၀၄၀ ကျပ် (မအေးမြင့်ခိုင်)

Personal Hygiene တွင် လိုက်ပါ ကူညီပေးသော MBCA အဖွဲ့ဝင်များ
- ဒေါက်တာ နွယ်နွယ်ဦး
- ဒေါက်တာ ရဲကျော်စွာဝင်း
- သူရမြင့်စိုး
- အေးသက်ထွန်း
- ခင်သီရိမောင်
- စုစုသော်

Personal Hygiene တွင် လိုက်ပါ ကူညီပေးသော MOSN အဖွဲ့ဝင်များ
၁) လွင်ဟန်
၂) စိမ်းလဲ့
၃) ခင်မြတ်
၎) မကေခိုင်
၅) ထက်ထက်လတ်
၆) ကိုသက်
၇) ကိုမျိုး
၈) မကေခိုင်
၉) မကေခိုင် တပည့်
၁၀) လွင်ဟန် ညီမ

ကျေးဇူးတင်ရှိခြင်း

- ဒီ Activity ဖြစ်မြောက်ရေးအတွက် MBCA မှ ဒေါက်တာနွယ်နွယ်ဦးနှင့် လိုက်ပါကူညီသူများ
- ငွေအား၊ လူအား လှူဒါန်းပေးသော MOSN မှ အဖွဲ့ဝင်များ၊
- သွားမည့်နေ့တွင် လိုက်ပါမည့်ဆရာဝန်များ၊ ဧည့်သည်ဆရာဝန်များနှင့် အဖွဲ့ဝင်များ အတွက် နေ့လည်စာ စီစဉ်ပေးသော ညီမလေး စိမ်းလဲ့လှိုင်
- Transportation အတွက် ကူညီပေးသော ကိုသောင်းစုငြိမ်း
- လှူဒါန်းပေးခဲ့သော အလှူရှင်များ အားလုံးကို MOSN အဖွဲ့ကိုယ်စား ကျေးဇူးတင်ရှိပါသည်။

ဒီလို Activity မျိုးကို အတတ်နိုင်ဆုံး ပြုလုပ်ပေးမည် ဖြစ်ပြီး မြသိင်္ဂီကျောင်းရှိ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွ

က် လိုအပ်သော ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆေးဝါး အစရှိသည်များကို တစ်လတစ်ကြိမ်ပုံမှန်လှူပေးမည် ဖြစ်သောကြောင့် အလှူရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင် ကြောင်း ပြောကြားလိုပါသည်။

ဆက်သွယ်လှူဒါန်းလိုပါက

ခင်မြတ်မြတ်နိုင် – khinmyat@myanmar-osn.org
Contact No. +95 1 243542, 386 459

တင်မြတ်ထက် – cuttiepinkgold@gmail.com
Contact No. +95 1 243542, 386 459

အိမွန်လှိုင် – mosn.eimon@gmail.com
Contact No. +95 1 243542, 386 459

မစန်းသူဇာမြိုင် – thucold@gmail.com

(အထူးမေတ္တာရပ်ခံချက် – အလှူရှင်များအနေဖြင့် အထက်ပါ ရန်ပုံငွေရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များထံသို့သာ တိုက်ရိုက်လှူဒါန်းပေးပါရန်။ အထက်ပါ အဖွဲ့ဝင်များထံသို့ မဟုတ်ပဲ လှူဒါန်းမှုပြုခဲ့ပြီး အလှူငွေကိစ္စနှင့်ပတ်သက်၍ နောက်ဆက်တွဲ ပြသနာများ ဖြစ်ပေါ်လာပါက MOSN အနေဖြင့် တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါဟု အသိပေးပြောကြားလိုပါသည်။ )

Tags :
Posted in : News & Resources

Leave a Reply