တတိယကြိမ်မြောက် Personal Hygiene Activity အောင်မြင်စွာပြီးစီး

IMG_64037.2.2010 ရက်နေ့ တနင်္ဂနွေနေ့တွင် မြသိင်္ဂီသီလရှင် ပညာသင်ကျောင်းတွင် MOSN အဖွဲ့သားများမှ လစဉ်ပြုလုပ်နေကျ Personal Hygiene နှင့် ပတ်သက်၍ သွားဆရာဝန်များနှင့်အတူ သွားရောက်ကာ ကလေး အယောက် (၁၄၀) ကျော်၏ သွားများအား စစ်ဆေးကုသပေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အတွက်လိုအပ်သည့် ဆေးဝါး၊ ဆပ်ပြာများ အားသွားရောက်လှူဒါန်းပေးခြင်း၊ ကလေးများအား MOSN အဖွဲ့ဝင်များမှ လက်သည်းညှပ်ပေးခြင်း၊ လက်ဆေးနည်း ပြပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ပါကြောင်း အဖွဲ့ဝင်များအား သာဓုခေါ်နိုင်ရန် အလို့ငှာ တင်ပြအပ်ပါသည်။

လှူဒါန်းခဲ့သည့် ပစ္စည်းစာရင်း

၁။ ရွှေဝါဆပ်ပြာ အတောင့် (၂၀၀)
၂။ ကာဘော်လစ်ဆပ်ပြာ အတောင့် (၁၀၀)
၃။ ခေါင်းလျှော်ရည် ဘူးကြီး (၂) ဘူး
၎။ ယားနာပျောက်ဆေး ဘူး (၂၀၀)
၅။ အမွှေးဆပ်ပြာ (၁၆) တုံး
၆။ ကြွေချေးချွတ်ဆေး (၁၀) ဘူး
၇။ ခြင်ဆေးခွေ နှင့် ပရုတ်လုံးအချို့

အစရှိသည့် ငွေကျပ် တစ်သိန်းခွဲခန့် တန်ဖိုးရှိ ပစ္စည်းများအား လှူဒါန်းခဲ့ပါသည်။

လိုက်ပါခဲ့သူများ

၁။ ခင်မြတ်မြတ်နိုင်
၂။ စိမ်းလဲ့လဲ့လှိုင်
၃။ အာကာမင်းဦး
၎။ ခန့်ထက်မောင်
၅။ နွေးဦးခင်
၆။ ဧကရီထွန်း
၇။ စန်းမော်အောင်
၈။ ခင်ခင်စု
၉။ ပညာဇေယျ
၁၀။ ဒေါက်တာကျော်ကျော်နိုင်
၁၁။ ဒေါက်တာလှထွဋ်ဝေချို
၁၂။ ဒေါက်တာ ပြည့်ပြည့်သိမ့်
၁၃။ ဒေါက်တာမို့မို့လင်းဦး
၁၄။ ဒေါက်တာ မြင့်မြင့်လှိုင်
၁၅။ ဇွန်စန်းပွင့်
၁၆။ ဦးကျော်ထွေး
၁၇။ ဦးဉာဏ်ဉာဏ်ထွန်း
၁၈။ အေးချမ်း

ကျေးဇူးတင်ရှိခြင်း

- ယခုလ Activity ဖြစ်မြောက်အောင် ကူညီပေးသော MOSN အဖွဲ့ဝင်များ၊

- ကလေးများအတွက် သွားကျန်းမာရေး စစ်ဆေးကုသပေးသော ဒေါက်တာကျော်ကျော်နိုင်နှင့် အဖွဲ့ဝင်များ၊

- မှတ်တမ်းဖြစ်မြောက်အောင် ကူညီပေးသော ကိုဝဏ္ဏကျော်နှင့် အေးချမ်း၊ စန်းမော်အောင်

- ကားနှင့် အစားအသောက်ပါ စီစဉ်ပေးလာသော အာကာမင်းဦး, inforithm-maze company

- အလှူဖြစ်မြောက်အောင်လှူဒါန်းပေးကြသော FMPC အဖွဲ့မှ ပီးကြုံ၊ ကိုသီဟကျော်၊ ကိုကျော်စွာ၊ မစိုးစိုးကြည်၊ ကိုကျော်ဇင်မျိုး၊ ကိုငြိမ်းချမ်းထွေး၊
MOSN မှ မတင်မြတ်ထက်၊ ကိုရင်ခိုင်၊ မနွေးနွေးလှိုင်နှင့် သူငယ်ချင်းများ၊ အာကာမင်းဦးနှင့် သူငယ်ချင်းများအား ကျေးဇူးအထူးတင်ရှိပါသည်ရှင်။

မှတ်ချက်။ ။ ယခုလတွင်ပိုလျှံသောအလှူငွေများအား နောက်လအလှူတွင် ထည့်သွင်းလှူပေးမည် ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်ရှင်။

ဒီလို Activity မျိုးကို တစ်လတစ်ကြိမ် ပုံမှန်လှူပေးမည် ဖြစ်သောကြောင့် အလှူရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင် ကြောင်း ပြောကြားလိုပါသည်။

ဆက်သွယ်လှူဒါန်းလိုပါက

ခင်မြတ်မြတ်နိုင် – khinmyat@myanmar-osn.org
Contact No. +95 1 243542, 386 459

Tags :
Posted in : News & Resources

Leave a Reply