MOSN အဖွဲ့ဝင်များ March Activities ကိုလည်း စဉ်းစားရင်း Gathering လုပ်ကြရအောင်

Myanmar Orphans Support Network ကို စတင်ဖွဲ့စည်းခဲ့တာ အခုဆိုရင် ၈ လ နီးပါးရှိခဲ့ပြီဖြစ်ရာ စာရင်းဝင် မမ်ဘာ တစ်ရာ့ခြောက်ယောက် တိတိ ရှိခဲ့ပြီဖြစ်သည်။ ဒီလို MOSN ဆိုတာ ရပ်တည် နေနိုင် တာဟာလဲ မမ်ဘာများရဲ့ ဘာကိုမှ မမျှော်လင့်ဘဲ ကူညီမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ မမ်ဘာမဟုတ် သော်လဲ ကူညီခဲ့သူအားလုံးကို အဖွဲ့မှ အမြဲကျေးဇူးတင်လျှက်ပါ။ အခုလို စေတနာတူ ဝါသနာတူ ညီအစ်ကို မောင်နှမများ လူမှုလုပ်ငန်းတွေကို လုပ်နေပေမဲ့လဲ အလုပ်မအားတာတွေကြောင့် အားလုံး အမြဲ ဆုံတယ်ဆိုတာ တအားကို ရှားပါတယ်။ ဒီလို မောင်နှမတွေ နောက်ထပ် နောက်ထပ် လာမည့် 2010 ခုနှစ်မှာ MOSN နဲ့အတူ ဘာတွေ ဘယ်လို ဆက်လက် လှုပ်ရှားမလဲဆိုတာလေးတွေ တိုင်ပင်ရင်း တစ်ရင်းတစ်နှီးတွေ့လို့ ဆုံချင်ပါတယ်… March လမှာ လုပ်မယ့် အစီအစဉ်လေး တစ်ခုကိုလည်း အားလုံးနဲ့ တိုင်ပင်ချင်ပါတယ်။ ဒါကြောင့် ဒီ Gathering လေးကို လာတက်ပေးကြဖို့ အားလုံးကို MOSN ရဲ့ ကိုယ်စားဖိတ်ခေါ်ချင်ပါတယ်။

နေရာ ဘုန်းကြီးလမ်း စံပြက Ice berry ကို ရွေးထားပါတယ်

နေ့ရက် ကတော့ လာမည့် မတ်လ ၁၄ ရက်နေ့ဖြစ်ပြီး

အချိန်ကတော့ မနက် ကိုးနာရီပါ..

Tags :
Posted in : News & Resources

Leave a Reply