Date: 14 March, 2010 Time: 9:30Am
Place: Ice & Bakery Café (အပေါ်ထပ်)၊ ပြည်လမ်းနှင့် ဘုန်းကြီးလမ်းထောင့်။
တက်ရောက်သူများစာရင်း
ကိုသောင်းစုငြိမ်း၊ ကိုစိုင်းနောင်၊ ကိုမြင့်ဇော်ဦး၊ ကိုလွင်ဟန်၊ ကိုပြည့်ဖြိုးအောင်၊ မသဇင်ခိုင်၊ မခင်မြတ်မြတ်နိုင်၊ မလဲ့လဲ့၊ မအိမွန်လှိုင်၊ ကိုငြိမ်းချမ်းအောင်၊ ကိုဇင်လင်းဇော၊် ကိုအောင်အောင်ဦး၊ ကိုအောင်ခင်စိုး၊ မမိုးသီတာဝင်း၊ မမြင့်မြင့်လွင်၊ မယုမြတ်ခင်၊ မညိမ်းညိမ်းအောင်လေး။
ဆွေးနွေးချက်များ
အစည်းအဝေးစတင်ပြီးနောက် ကိုသောင်းစုငြိမ်းမှ ပြောကြားရာတွင် MOSN ကိုလွန်ခဲ့သော 2009 ဇွန်လမှစတင်၍ ဖွဲ့စည်းရန် စီစဉ်ခဲ့ပြီး ရန်ပုံငွေရှာဖွေရန်အတွက် ပထမဦးဆုံးသော ကလေးပန်းချီပြပွဲကို Tamada Hotel ပထမထပ်ရှိ ခန်းမကြီးတွင် ကျင်းပ နိုင်ခဲ့ပါသည်။ ထို့နောက် ပထမ Project အနေဖြင့် ရန်ကုန်မြို့ ပုလဲမြို့သစ် မြသိဂီင်္ိ မယ်သီလရှင်ကျောင်းရှိ မိဘမဲ့ကလေးများ ကျောင်းတွင် ပေ (၃၀) ပတ်လည်ကျယ်ဝန်းပြီး ခန့်မှန်းကုန်ကျငွေ သိန်း (၉၀)ကျပ် တန်ဖိုးရှိသော စာကြည့်တိုက် ဆောက်ရန် အတွက် ရည်ရွယ်ပါသည်။ ကလေးပန်းချီပြပွဲမှ (၁၁၂၇၀၀)သိန်းကျပ်တိတိ ရန်ပုံငွေများရရှိလာသော်လည်း ကြားကာလများတွင် အခြားသော ကိစ္စရပ်များကြောင့် အဖွဲ့၏ လုပ်ဆောင်ချက်များ လစ်ဟင်းရာမှ ယနေ့တွေ့ဆုံပွဲတွင် ဖြစ်မြောက်ရေးအတွက် ဆွေးနွေးခြင်း ဖြစ်ပါသည်။
MOSN အားဒုတိယအကြိမ် ပြန်လည်အသက်သွင်းရာတွင် လက်ရှိအခြေအနေများအရ ပေါ့ပေါ့ ပါးပါး ဖြင့်သာ လူအများ အလွယ်တကူ ပူးပေါင်းပါဝင်နိုင်ရန်အတွက် Project အလိုက်သတ်မှတ်၍ စိတ်ပါဝင်စားသူများ ပါဝင်ကူညီပေးနိုင်ပေးနိုင်မည့် ပုံစံမျိုးနှင့် အလွတ်သဘောဖြင့်သာ ဆောင်ရွက်လိုကြောင်း၊ နောင်နှစ်များမှာသာ အဖွဲ့၏ဖွဲ့စည်းပုံကိုကူးပြောင်းလိုကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပထမဦးဆုံး Project အနေဖြင့် စာကြည့်တိုက်ကို (၃) လအတွင်းအပြီး အကောင်အထည်ဖေါ်နိုင်ရန် ရည်မှန်းဆောင်ရွက်လိုကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး အောက်ပါလုပ်ငန်းရပ်များ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။
ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်ရန်အချက်များ
| စဉ် |
အကြောင်းအရာ |
တာဝန်ခံ |
ရက်စွဲ |
| ၁ | အောက်ပါအတိုင်း စီမံကိန်း လိုအပ်ချက်အရ ယာယီ အဖွဲ့ ဖွဲ့စည်းရန်
MOSN မြသိဂီင်္ိ စာကြည့်တိုက် အကောင်အထည်ဖေါ်ရေးအဖွဲ့ - ရန်ပုံငွေရှာဖွေရေးအဖွဲ့ (အဖွဲ့ဝင်အားလုံး) - ဘဏ္ဍာရေးအဖွဲ့ (ငွေလက်ခံထားမည့်သူနှင့် စာရင်းကိုင်များ ဖြစ်သော မယုယုဇင်(Inforithm-Maze) ၊ မအေးမြင့်ခိုင်နှင့် ကိုလွင်ဟန်) - စီမံရေး အဖွဲ့ (ကိုသောင်းစုငြိမ်း၊ ကိုစိုင်းနောင်၊ မခင်မြတ်မြတ်နိုင်၊ မသဇင်ခိုင်၊ မလဲ့လဲ့) |
အားလုံး | |
| ၂ | MOSN မှ မြသိဂီင်္ိ စာကြည့်တိုက် အတွက် အလှူခံ ကြော်ငြာ လက်ကမ်း စာရွက် နှင့် အသေးစိတ် အဆိုပြုလွှာ ပြုလုပ်ရန်
- အဆိုပြုလွှာတွင် မြသိင်္ဂီကျောင်း Profile နှင့် စာကြည့်တိုက် စီမံကိန်း ဆိုင်ရာ အချက် အလက်များ ဖော်ပြရန်၊ အဆိုပြုလွှာကို powerpoint ပြုလုပ်ရန် - အလှူခံကြော်ငြာ လက်ကမ်းစာရွက်ကို ၁၀၀၀ အရေအတွက်၊ အဖြူအမည်း ဖြင့် ပြုလုပ်ရန် - အလှူငွေ လက်ခံရရှိခြင်း ဘောက်ချာကို ဒီဇိုင်းဖြင့် ထုတ်လုပ်ရန် |
မခင်မြတ်မြတ်နိုင် (စီစဉ်ရန်)
ကိုဝေလ (ဒီဇိုင်း) |
|
| ၃ | 7Day News နှင့် Internet Journal တို့တွင် ကြော်ငြာထည့်ပြီး ကြော်ငြာခကို လှူရန် | ကိုသောင်းစုငြိမ်း (စီမံရေး) | |
| ၄ | ၂၀.၃.၂၀၁၀ Excel Treasure Tower တွင် ပြုလုပ်မည့် MySuboo Fan Club ပွဲတွင် ရန်ပုံငွေရှာဖွေရေး ဆိုင်ဖွင့်ပြီး အလှူခံကြော်ငြာ စာရွက်ကမ်းရန် | ကိုစိုင်းနောင်+ မခင်မြတ်မြတ်နိုင်+ Volunteer (၂) | ၂၀.၃.၂၀၁၀ |
| ၅ | မြသိဂီင်္ိသို့ ကလေးများအတွက်လစဉ်ပြုလုပ်နေကျ Personal Hygiene သွားရောက် ကူညီခြင်း နှင့် ခြင်ထောင် (၉၇) လုံး အလှူပွဲ တွင်လည်း အလှူခံ ကြော်ငြာကမ်း၍ စာကြည့်တိုက် ဆောက်ရန် အတွက် ပန္နက်ရိုက် အခမ်းအနားကိုပါ ပြုလုပ်ရန် | မခင်မြတ်မြတ်နိုင် | ၂၁.၃.၂၀၁၀ |
| ၆ | ကမ္ဘောဇဘဏ်တွင် ငွေစာရင်းဖွင့်ရန်
မအေးမြင့်ခိုင် (သို့) မသဇင်ခိုင် တို့မှ အမည်ခံ ဖွင့်လှစ်ပေးရန် |
မသဇင်ခိုင် | |
| ၇ | Paypal Account ဖွင့်ရန်အတွက် စုံစမ်းရန် | ကိုသောင်းစုငြိမ်း | |
| ၈ | အလှူငွေကောက်ခံရာတွင် မိမိတို့နှင့်နီးစပ်ရာ ဆရာတော်ကြီးများ၊ ဘုန်းကြီးကျောင်းများ၊ ဂေါပကလူကြီးများ၊ ကျောင်း၊ တက္ကသိုလ်များ ထံ အကူအညီတောင်း၍ အလှူခံခြင်းများ ပြုလုပ်နိုင်ရန်
- ညှိနှိုင်း၍ အလှူခံပုံများထားရှိခြင်း - အလှူခံကြော်ငြာ စာရွက်များ ထားရှိခြင်း |
ရန်ပုံငွေရှာဖွေရေးအဖွဲ့ | |
| ၉ | MOSN Website နှင့် Facebook ပေါ်တွင်အချက်အလက်တင်ရန် | မခင်မြတ်မြတ်နိုင် | |
| ၁၀ | ရန်ပုံငွေရရှိပြီးပါက ဆောက်လုပ်ရေးကြီးကြပ်မှု အဖွဲ့ကို ကျွမ်းကျင်သူများ ဖြင့် ဖွဲ့စည်းရန် |








