စာကြည့်တိုက် ဆောက်လုပ်ရန် အလှူရှင်များ လိုအပ်

ရန်ကုန်တိုင်း ပုလဲမြို့သစ်အနီး၊ ကာယ (၁၂) လမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာတွင်ရှိသော အစိုးရအသိအမှတ်ပြု ကျောင်းတစ်ကျောင်းဖြစ်သည့် မြသိင်္ဂီသီလရှင် စာသင်တိုက်တွင်လိုအပ်လျက်ရှိသော စာကြည့်တိုက်ဆောက်လုပ်ရန် အတွက် မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါသည်။ ကျောင်းတွင် ကျောင်းသားစုစုပေါင်း (၅၇၃) ယောက် ပညာသင်ကြား လျက်ရှိပြီး ဤကျောင်းကို ၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ကျောင်းတွင် သီလရှင်နှင့် မိဘမဲ့ကလေး အရေအတွက် (၉၇) ယောက် နေထိုင်လျက်ရှိသည်။ ပေသုံးဆယ်ပတ်လည်ခန့်ရှိသော တစ်ထပ်စာကြည့်တိုက် ဆောက်လုပ်ရန် အတွက် စေတနာတတ်အားသရွေ့ လှူဒါန်းနိုင်ကြောင်း ပညာအလင်း ဆောင်ကြဉ်းနိုင်ရန် အလို့ငှာ သတင်းကောင်းပါးအပ်ပါသည်။ ကုန်ကျစရိတ် တွက်ချက်ထားသည့် ဖိုင်ကို အောက်ပါ လင့်ခ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။

https://spreadsheets.google.com/ccc?key=0Ai-Fg5xld02hdEppaTkyVkxaSnlmbnBtbHAwUzdjMEE&hl=en

Tags :
Posted in : News & Resources

Leave a Reply