၂၁.၃.၂၀၁၀ ရက်နေ့ တနင်္ဂနွေနေ့တွင် မြသိင်္ဂီသီလရှင်ပညာသင်ကျောင်းတွင် MOSN အဖွဲ့သားများမှ လစဉ်ပြုလုပ်နေကျ Personal Hygiene နှင့် ပတ်သက်၍ တစ်ကိုယ်ရည်သန့်ရှင်းမှု အတွက်လိုအပ်သည့် ဆေးဝါး၊ ဆပ်ပြာများ နှင့် ခြင်ထောင် အလုံး (၉၇) လုံး အားသွားရောက် လှူဒါန်းပေးခြင်း နှင့် အဖွဲ့၏ ပထမဆုံး Project ဖြစ်သည့် စာကြည့်တိုက်ဆောက်လုပ်ရန် အတွက် ပန္နက်ရိုက်အခမ်းအနားကိုပါ တစ်ပါတည်း ကျင်းပပြုလုပ်ခဲ့ကြသည်။
လှူဒါန်းခဲ့သည့် ပစ္စည်းစာရင်း
၁။ ရွှေဝါဆပ်ပြာ အတောင့် (၂၀၀) ၂။ ကာဘော်လစ်ဆပ်ပြာ အတောင့် (၁၀၀) ၃။ ခေါင်းလျှော်ရည် ဘူးကြီး (၃) ဘူး ၄။ ယားနာပျောက်ဆေး ဘူး (၂၀၀) ၅။ ခေါင်းလျှော်ရည် အထုတ် (၁၀၀၀) ထုတ် ၆။ ကြွေချေးချွတ်ဆေး (၁၀) ဘူး ရ။ ခြင်ထောင် (၉၇) လုံး အစရှိသည့် ငွေကျပ် ငါးသိန်းခွဲကျော်ခန့် တန်ဖိုးရှိ ပစ္စည်းများအား လှူဒါန်းခဲ့ပါသည်။
လိုက်ပါခဲ့သူများ
၁။ ခင်မြတ်မြတ်နိုင် ၂။ တင်မြတ်ထက် ၃။ နွယ်နွယ်ဝင်း ၄။ မပုံ့ပုံ့ ၅။ မဟန်စူး ၆။ သက်နောင်စိုး ၇။ ကိုသီဟ ၈။ အေးချမ်း ၉။ စွမ်းထက်
၁၀။ အာကာမင်းဦး
ကျေးဇူးတင်ရှိခြင်း
- ယခုလ Activity ဖြစ်မြောက်အောင် ကူညီပေးသော MOSN အဖွဲ့ဝင်များ၊
- အလှူရှင်များ
- မှတ်တမ်းဖြစ်မြောက်အောင် ကူညီပေးသော ကိုဝဏ္ဏကျော်နှင့် အေးချမ်း၊ ကိုသီဟ
- ကားစီစဉ်ပေးသော အင်ဖော်ရသမ်မေ့ဇ်ကုမ္ပဏီ
- အလှူရှင်များ အားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်ရှင်။
ဒီလို Activity မျိုးကို တစ်လတစ်ကြိမ် ပုံမှန်လှူပေးမည် ဖြစ်သောကြောင့် အလှူရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင် ကြောင်း ပြောကြားလိုပါသည်။
ဆက်သွယ်လှူဒါန်းလိုပါက
ခင်မြတ်မြတ်နိုင်၊ တင်မြတ်ထက်၊ သဇင်ခိုင်၊နှင့် လဲ့လဲ့ Contact No. +95 1 243542, 386 459, 393458








