Child protection and Awareness Training @ Myatheingi Nunnery School

မင်္ဂလာဒုံ၊ ပုလဲမြို့သစ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ဆရာမ (၄၀) ယောက်ကို ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး သင်တန်းကို Myanmar Orphans Support Network မှ organize လုပ်ပြီးပြုလုပ်ပေးခဲ့ပါသည်။ ဆရာ/ဆရာမများ စိတ်ချမ်းသာစွာ သင်တန်းတက်နိုင်ရေးအတွက် အစားအသောက်များစီစဉ်ပေးခြင်း၊ သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းတို့ကိုပါ ပြုလုပ်ခဲ့ပါသည်။
ထိုသင်တန်းအား ဖြစ်မြောက်အောင် ဆရာသော်ဇင်နိုင်၊ မမေနှင်းမွန်မြင့်နှင့် မအိမ့်တို့မှ လာရောက်သင်ကြားပေးခဲ့ပါသည်။ ဆရာ/ဆရာမများကို သင်ကြားပေးနေချိန်အတွင်း ကျောင်းသား (၆၀၀) ကျော်အတွက် မပျင်းရလေအောင် Myanmar Orphans Support Network မှ အဖွဲ့ဝင်များမှ ထူးခြားသော အစီအစဉ် နှစ်ခုပြုလုပ်ခဲ့ပါသည်။ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား/သူများအား ပန်းချီသင်ပေးခြင်း၊ ပဉ္စမတန်းမှ နဝမတန်းအထိ ကျောင်းသား/သူများအား အင်္ဂလိပ်သီချင်းများသင်ပေးကာ ပျော်ရွှင်စွာကခဲ့ကြသည်။ သီချင်းများ ကူညီသင်ကြားပေးသော ကိုဒဲနစ်အောင်အောင်နှင့် အဖွဲ့၊ ပန်းချီသင်ကြားပေးသော ကိုစလိုင်းတို့အား ကျေးဇူးအထူးတင်ပါသည်ရှင်။
ထိုအစီအစဉ်လေးဖြစ်မြောက်အောင် ကူညီပေးကြသော အာကာမင်းဦးနှင့် သူငယ်ချင်းများ၊ သွားရေးလာရေးစီစဉ်ပေးသော အင်ဖော်ရသမ်မေ့ဇ်ကုမ္ပဏီ၊ ဆရာ/မ များအတွက် စာရွက်စာတမ်း အချိန်မှီအောင် ပြင်ဆင်ပေးသော လဲ့လဲ့နှင့် ကျေးဇူးတင် ထိုက်သူ အားလုံးကို MOSN မှ ကျေးဇူးတင်ရှိပါသည်ရှင်။ လိုက်ပါခဲ့သော သူများအားလုံးကိုလဲ ကျေးဇူးတင်ရှိပါသည်။

Khin Myat
Humanitarian Project Coordinator
Myanmar Orphans Support Network
website : www.myanmar-osn.org
phone : +95 1 243542, 386 459

~~~~*pls give your hands to the child in Burma* ~~~~~~~~*We are not asking your money, we are asking for your heart”~~~~

MOSN ရဲ့ အသစ်အသစ်သော Activity များတွင် စိတ်တူကိုယ်တူလုပ်ကိုင်မည့် သင့်အား MOSN မှ မျှော်လင့်နေပါသည်။

Tags :
Posted in : News & Resources

Leave a Reply