ကျွန်မတို့ Myanmar Orpans Support Network အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုအား ဆင်းရဲနွမ်းပါးကလေးများကို ပြုလုပ်နေကျ အစဉ်အလာအတိုင်း (၂၁.၈.၂၀၁၀) ရက် စနေနေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ချောင်းဝကျေးရွာနှင့် ကလီထော်ကျေးရွာရှိ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၏ သွားကျန်းမာရေးနှင့် အထွေထွေကျန်းမာရေး စစ်ဆေးပေးမှုကို My Suboo Fan Club နှင့်ပူးပေါင်း ဆောင်ရွက် ခဲ့ပါသည်။ အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှုတွင် လူနာ ၆၇ ယောက်ကုသမှု ခံယူခဲ့ပြီး ၊ သွားကျန်းမာရေး အတွက် လူနာ ၅၈ယောက် ကုသမှုခံယူခဲ့ပါသည်။
ထို့အပြင် ကလေးသူငယ်များအား ကျွန်မတို့ အဖွဲ့ဝင်တစ်ဦးမှ နေ့လည်စာကျွေးမွေးလှူဒါန်း ခဲ့ခြင်း အပြင် ဒဂုံ(၂) မြို့မ ကျောင်းရှိ ကျောင်းသား/သူများ လှူဒါန်းလိုက်သော အဝတ်အထည် များထဲမှ ကားဝတ် (၂၂)စုံ၊ မဝတ်(၂၂) စုံတို့အား လှူဒါန်းခဲ့ပြီး ကျောင်းသားဗလာစာအုပ် (၆၀) နှင့် ခဲတံများကို လှူခဲ့ကြပါသည်။
အိုဗာတင်းကုမ္ပဏီမှလဲ ကလေးများအား လှူရန် အိုဗာတင်းအထုပ်များအား MOSN သို့ လှူဒါန်း ခဲ့ပါသည်။ ပါဝင်ကူညီခဲ့သော Free Dental Service Organization အဖွဲ့မှ သွားဆရာဝန်များ ကလည်း ကလေးများအား သွားတိုက်တံ တစ်ချောင်းစီ လှူဒါန်းခဲ့ပါသေးသည်။
လိုက်ပါကြည့်ရှု စစ်ဆေးပေးသော ဒေါက်တာ သူရအောင်၊ ဒေါက်တာ ကျော်မင်းသိန်း၊
ဒေါက်တာ ခွန်ဖြိုးမောင်၊ ဒေါက်တာ သူကြွယ်ခန့်စိုး နှင့် Free Dental Service
Organization မှ ဒေါက်တာကျော်ကျော်နိုင်နှင့် သွားဆရာဝန်များကိုလည်း ကျွန်မတို့ MOSN မှ ချောင်းဝကျေးရွာ ရှိ ကလေးများနှင့် လူနာရှင်များ ကိုယ်စား ကျေးဇူးအထူးတင်ရှိပါသည်။
~~~~~~~~~~~~~~~~* pls give your hands to the child in Burma* ~~~~~~~~* We are not
asking your money, we are asking for your heart” ~~~~~~~~~~~~~~~~~~
MOSN ရဲ့ အသစ်အသစ်သော Activity များတွင် စိတ်တူကိုယ်တူ လုပ်ကိုင်မည့်
သင့်အား MOSN မှ မျှော်လင့်နေပါသည်။








