Myanmar Orphans Support Network
MOSN
Myanmar Orphans Support Network (MOSN) သည် မြန်မာမိဘမဲ့ကလေးငယ်များအား ကူညီ စောင့်ရှောက်ပေးမည့် ကွန်ရက်တစ်ခုဖြစ်ပါသည်။ ၂၀၀၉ ခုနစ် ဇွန်လတွင် စိတ်ပါဝင်စားသော လူငယ်တစ်စုတို့မှ ဝိုင်းဝန်းဆွေးနွေး၍ အဆိုပါအမည်ကို ပေးခဲ့ကြပါသည်။
ရည်ရွယ်ချက်
မြန်မာနိုင်ငံတွင်းရှိ မိဘမဲ့ကလေးများရှိရာ နေရာအားလုံးတွင် စောင့်ရှောက်မှုခံယူနေသော မိဘမဲ့ကလေးငယ် များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ ကို ကူညီဖြေရှင်းပေးသွားမည်ဖြစ်ပြီး ကလေးငယ်များ စာတတ်မြောက်ရေးနှင့် စိတ်ဓါတ်မြှင့်တင်ရေးတို့ကို အဓိက ဦးတည်ရည်ရွယ်ထားရှိပါမည်။
ပါဝင်နိုင်မည့်သူများ
လူသားခြင်း စာနာထောက်ထားစိတ်အပြည့်ရှိသူများ၊ အမျိုးသားရေးစိတ်ဓါတ် ဖြင့် ကလေးငယ်များ၏ အနာဂတ်လမ်း ကြောင်းအမှန်ကို ပေါ်ထွန်းစေလိုသော စိတ်ထားရှိသူများ ၊ မိမိအကျိုးထက် အများအကျိုးကို စစ်မှန်စွာ ထမ်းရွက်လိုစိတ် ရှိသူများ ၊ မိဘမဲ့ကလေးများ စံနမူနာယူထိုက်သူများ၊ အတုယူနိုင်မည့်သူများ၊ အတတ်ပညာနှင့် အသိပညာတစ်ခုခု မျှဝေခံစားပေးနိုင်သူများ အားလုံးပါဝင်နိုင်ပါသည်။
ကူညီပေးနိုင်မည့် အချက်များ
- ပညာရေးဒါန (အတတ်ပညာ ၊ အသိပညာ)
- ကျန်းမာရေးဝန်ဆောင်မှုများ
- ကာယစွမ်းအင်မြင့်မားရေးအတွက် အထောက်အကူပြုကစားနည်းများ လေ့ကျင့်ပေးခြင်း
- စိတ်ဓါတ်လေ့ကျင့်ရေး၊ မြှင့်တင်ရေးလုပ်ငန်းများ
- အာဟာရ လှူဒါန်းမှုများ
- အဝတ်အထည်များ နှင့် အခြားသော အသုံးအဆောင်များ လှူဒါန်းခြင်း
- ငွေကြေးထောက်ပံ့မှုများ
- အခြားသော အကြောင်းအရာများ








