News & Resources

Art Exhibition and Child Care Seminar

ကျွန်မတို့ Myanmar Orphans Support Network (MOSN) ရဲ့ ပထမဆုံးအကြိမ် ပြုလုပ်မည့် Project အတွက် ပထမဆုံး ရန်ပုံငွေရှာဖွေပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့  မြသိင်္ဂီသီလရှင်သင် ပညာရေးကျောင်းလေးတွင် စာကြည့်တိုက်လေး ဆောက်လုပ်ပေးရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်တဲ့ ဒီပွဲလေးဟာ MOSN အဖွဲ့ရဲ့ ပထမဆုံး ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ထို့အတွက် ကလေးပန်းချီပြပွဲလေး တစ်ခုကျင်းပပြုလုပ်ပြီး ရန်ပုံငွေရှာဖွေပွဲ ပြုလုပ်ရန် MOSN အဖွဲ့မှ ဆုံးဖြတ်ခဲ့ကြသည်။ ကလေးပန်းချီပြပွဲမလုပ်ခင် ပန်းချီကားများ ရရှိရန်အတွက် ဂျာနယ်၊ pamphlet များရိုက်ကာ မူလတန်းအဆင့် ကလေးပန်းချီပြိုင်ပွဲအား ဖိတ်ခေါ်ခဲ့ပါသည်။ ထိုကလေး ပန်းချီပြိုင်ပွဲကို ကျောင်း (၁၀) ကျောင်းအထက် မှ ကလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပန်းချီကားအရေအတွက် (၈၀၀) နီးပါးရရှိခဲ့သော်လည်း အချက်အလက်ပြည့်စုံသော ပန်းချီကား (၆၁၈) ကား သာရရှိခဲ့ပါသည်။ ထိုပန်းချီကားထဲမှ နေရာအခက်အခဲကြောင့် ပန်းချီကား (၃၇၀) ကျော်သာ ချိတ်ဆွဲပြသခဲ့ပါသည်။ ပန်းချီကား မြောက်မြားစွာထဲမှ အကောင်းဆုံး ပန်းချီကား (၅)ကားကို ပန်းချီဆရာ (၈) ဦးတို့မှ သေချာ အကဲဖြတ် ပေးခဲ့ကြပါသည်။

ဆုများကတော့

ပထမဆု –           မသံသာသာလွင်၊ သူငယ်တန်း၊ အ.လ.က (၁) ဒဂုံ၊

ဒုတိယဆု-          မောင်ကျော်ဇေမျိုး၊ Brave Heart အဆင့်မြင့်မူကြို

တတိယဆု          မသူဇာဆွေ၊ တတိယတန်း၊ အ.မ.က (၁၇) မရမ်းကုန်း

အထူးဆု             မစိုင်းစိုင်းအောင်၊ မြသိင်္ဂီသီလရှင် စာသင်တိုက်

အထူးဆု             သီရိရွှေစင်၊ Brave Heart အဆင့်မြင့်မူကြို တို့ ဖြစ်ပါသည်။

ပြပွဲတွင် လာရောက်လှူဒါန်းကြသော ၅၀၀၀ ကျပ်ထက် လှူသော အလှူရှင်များအား ပန်းချီကားတစ်ချပ် စီ လက်ဆောင်ပြန်ပေးခဲ့ပါတယ်ရှင်။

Myanmar Orphans Support Network (MOSN) ရဲ့ ပထမဆုံး စာကြည့်တိုက်ဖြစ်မြောက်ရေး ရန်ပုံငွေရှာဖွေပွဲတွင်

၁)         ကလေးပန်းချီပြပွဲ

၂)         Child Care Seminar

၃)         ဗလာစာအုပ်များရောင်းချခြင်း

၎)         MOSN ရဲ့ စီဒီများ၊ နှင့် မုန့်များရောင်းချခြင်း စသည့်အစီအစဉ်များကို စက်တင်ဘာလ ၁၃ ရက်၊ တနင်္ဂနွေနေ့တွင် သမတ္တဟိုတယ်၊ ပထမထပ်တွင် မနက် (၉) နာရီမှ ညနေ (၄)နာရီထိ ပူးတွဲကျင်းပပြုလုပ်ခဲ့ပါသည်။

ကျင်းပခဲ့သော အခမ်းအနားအစီမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်ရှင်။

အခန်းအနားအစီအစဉ်

အစီအစဉ် (1)      –           အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း။

အစီအစဉ် (2)      –          MOSN မှ အမှုဆောင်တစ်ဦးဖြစ်သူ မကေခိုင်စိုးမှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခြင်း။

အစီအစဉ် (3)      –          ကလေး ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန် ဒေါက်တာကျော်လင်းမှ Child Development နှင့် Child Behavior အကြောင်း အဓိကထားပြောပြခဲ့ပါသည်။ ကလေးတစ်ယောက်ရဲ့ အသက်အရွယ်အလိုက် ပြောင်းလဲသင့်တဲ့ အမူအကျင့်တွေ ရှိနေသင့်တာကို မိဘများအနေဖြင့် သိထားနိုင်ဖို့၊ ဂရုပြုမိစေဖို့ .. စောင့်ကြည့်သင့်သည်များ စသည်တို့ကို  ကလေးမိဘများအတွက် အထူး ဟောပြောခဲ့သည်။

အစီအစဉ် (4)      –          ကာတွန်းဆရာကြီး အော်ပီကျယ်မှ Creativity နှင့်ပတ်သက်ပြီး ဟောပြောခြင်း။

အစီအစဉ် (5)      –           ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခြင်း။

အစီအစဉ် (6)      -           ကြွရောက်လာသော ပရိသတ်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း။

အစီအစဉ် (6)      -           အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာခြင်းတို့ ဖြစ်ပါတယ်ရှင်။

ကျေးဇူးတင်ရှိခြင်း

Myanmar Orphans Support Network (MOSN) ရဲ့ ပထမဆုံးပွဲလေး ဖြစ်မြောက်ရေးအတွက် Sponsor များအဖြစ် ပါဝင်ကူညီ ထောက်ပံ့ပေးကြသော Myanmar Egress ၊ Kangaroo Child Care and Development Center နှင့် Overtine တို့အားလည်း ကျေးဇူးအထူးတင်ရှိကြောင်းကိုလည်း ပြောကြားပေးချင်ပါတယ်ရှင်။ ပြိုင်ပွဲဝင် ပန်းချီကားများကို မေတ္တာဖြင့် ပါဝင်ကူညီ အကဲဖြတ်ပေးကြသော ပန်းချီဆရာကြီးများအားလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ရှင်။ ပန်းချီပြပွဲနှင့်အတူ ကျင်းပပြုလုပ်သော Child Care Seminar တွင် ပါဝင်ဟောပြောပေးမှာ ဖြစ်သော ကာတွန်းဆရာကြီး အော်ပီကျယ်နှင့် ဒေါက်တာကျော်လင်းတို့အားလည်း ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါတယ်ရှင်။

ရန်ပုံငွေ

MOSN ရဲ့ စာကြည့်တိုက် ဆောက်လုပ်ရန် ရန်ပုံငွေ ရှာဖွေပွဲတွင် အလှူငွေကျပ် စုစုပေါင်း ၉ သိန်း ရှစ်သောင်း လေးထောင့် တစ်ရာ့ လေးဆယ်တိတိကို ရရှိပါသည်။ အားလုံး သာဓုခေါ်နိုင်ကြပါစေ..

(ကျွန်မတို့ မျှော်မှန်းထားသည့် မြသိင်္ဂီကျောင်းတွင် စာကြည့်တိုက် ဆောက်လုပ်ရန် သိန်းသုံးဆယ် ခန့်မှန်း ထားပါသဖြင့် စေတနာရှင်များ ထည့်ဝင်ပြီး စာကြည့်တိုက်လေး အတွက် ပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင်။)

Tags :
Posted in : News & Resources
Posted by admin | No Comments

မြန်မာနိုင်ငံတွင်းရှိ မိဘမဲ့ကလေးငယ်များအား ကူညီစောင့်ရှောက်ပေးမည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော Myanmar Orphans Support Network (MOSN) အဖွဲ့၏ပထမဆုံး လှုပ်ရှားမှုအနေဖြင့် မြသိဂီင်္ သီလရှင်စာသင်တိုက်ရှိ မိဘမဲ့ကလေးငယ်များ အတွက် စာကြည့်တိုက်တစ်ခု တည်ထောင်ပေးနိုင်မည့် ထောက်ပံ့မှုတစ်ခုအတွက် ကလေးပန်းချီပြပွဲနှင့် Child Care Seminar တို့ကို ကျင်းပပြုလုပ်မည်ဟု သိရသည်။ အဆိုပါပွဲတွင် ဟောပြောပွဲတစ်ခုကိုလည်း ပါဝင်ကျင်းပမည်ဖြစ်ရာ ကာတွန်း ဆရာအော်ပီကျယ်နှင့် ဒေါက်တာကျော်လင်း တို့မှ ပါဝင်ဟောပြောသွားမည် ဖြစ်ကြောင်းသိရသည်။

ပွဲကျင်းပရေးအဖွဲ့ဝင်များ၏ ပြောကြားချက်အရ အဆိုပါပွဲအတွက် ပါဝင်ပြသမည့် ပန်းချီကားအရေအတွက်မှာ ၈၀၀ ၀န်းကျင်ခန့်ဟုသိရပြီး မြသိဂီင်္စာသင်တိုက်မှ မိဘမဲ့ကလေးများအပါအ၀င် ရန်ကုန်မြို့တွင်းရှိ ကျောင်းပေါင်း (၁၀)ကျောင်းကျော်တို့မှ ကလေးငယ်များလည်း ပါဝင်ပြသကြကြောင်း သိရသည်။ ပန်းချီပြပွဲကို၂၀၀၉ခုနစ် ၊  စက်တင်ဘာ (၁၃)ရက် တနင်္ဂနွေနေ့ နံနက် (၉)နာရီမှ ညနေ (၄)နာရီထိ ကျင်းပပြုလုပ်ပြသသွားမည်ဖြစ်ပြီး နေရာမှာ Myanmar Egress Ball Room (သမ္မတ ဟိုတယ်) ဟု သိရသည်။

ကလေးငယ်များ၏ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် စောင့်ရှောက်သင့်သည်များ ၊ ကလေးသူငယ်များ၏ စိတ်ဓါတ်ရေးရာများ ကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများကိုဟောပြောမည်ဖြစ်ရာ ကလေးငယ်များအား စောင့်ရှောက်လိုစိတ်ရှိသူများ၊ လူသားခြင်းစာနာထောက်ထားလိုစိတ် ရှိသူများ၊ ကျန်းမာရေးဗဟုသုတ နှင့် လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်ပါဝင်စားမှုရှိသော လူငယ်လူရွယ်များ ၊ ကလေးငယ်များ နှင့် မိခင်များ အားလုံး လာရောက်လေ့လာသင့်သော ပွဲလေးတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတွင် ထောက်ပံ့မှုအလှူငွေရှာဖွေရေးအဖြစ် ဈေးရောင်းပွဲများကို ပြုလုပ်သွားမည်ဖြစ်ရာ ဗလာစာအုပ်များ ၊ အရုပ်များ၊ မုန့်များကို ၀ယ်ယူအားပေးလှူဒါန်းနိုင်ကြောင်း သိရသည်။ ထို့ပြင် မိမိတို့စေတနာသဒ္ဒါတရားပေါ်မူတည်၍ အ၀တ်အထည်များ၊ စာအုပ်များ၊ စာကြည့်တိုက်အတွက်ထည့်ဝင်လှူဒါန်းနိုင်မည့် စာအုပ်များနှင့် အလှူငွေတို့ကိုလည်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ပါဝင်ပြသသည့် ကလေးငယ်များ၏ ပန်းချီကားများကို ပထမဆု ၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု တို့ကိုချီးမြှင့်သွားမည်ဖြစ်ပြီး ပန်းချီကားများအားလုံးပါဝင်သည့် အမှတ်တရ စီဒီများကိုလည်း ရောင်းချသွားမည်ဖြစ်ကြောင်း MOSN အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

ပန်းချီပြပွဲ

အချိန် –     နံနက် ၉ : ၀၀ မှ ညနေ ၄ : ၀၀ နာရီထိ
နေ့ရက် – ၁၃၊ စက်တင်ဘာလ ၊ ၂၀၀၉ခုနစ် (တနင်္ဂနွေနေ့)
နေရာ – Myanmar Egress Ball Room (သမ္မတ ဟိုတယ်)

Child Care Seminar

အချိန် –     နံနက် ၁၁ : ၀၀ မှ ညနေ ၁၂ : ၃၀ နာရီထိ
နေ့ရက် – ၁၃၊ စက်တင်ဘာလ ၊ ၂၀၀၉ခုနစ် (တနင်္ဂနွေနေ့)
နေရာ – Myanmar Egress Ball Room (သမ္မတ ဟိုတယ်)

ဟောပြောမည့်သူများ

* ကာတွန်းအော်ပီကျယ်
* ဒေါက်တာကျော်လင်း

post by – ကသစ်နွယ်

Tags :
Posted in : News & Resources
Posted by admin | No Comments

Welcome to MOSN.

Tags :
Posted in : News & Resources
Posted by admin | 3 Comments